Pages

Subscribe:

Ads 468x60px

Sunday, July 8, 2012

ဒါ ဘယ်သူ့ အညာလဲ

တမာရွက်တို့ တငွေ့ငွေ့ကြွေ
ငါ့ ကိုပြောပါ
ဒါ ဘယ်သူ့နွေလဲ။

ရေဗူးမပါ ခြေဗလာနဲ့
ငါ့ ကို ပြောပါ
ဒါ ဘယ်သူ့ ယာ လဲ။

ယိုယွင်းနေတဲ့ အညာက
ဝတ္တရား အရ ပြုံးပြ
ငါ
လှည်းလမ်းလေးဘေးကို
သက်ပြင်းတွေ ပြေးချ လိုက်ချင်ရဲ့။

ဝေးသွားလိုက် နီးလာလိုက်
ရေခပ်ချိန်လေး မှောင်မိုက်နေလေရဲ့
လေရူး တို့ တ၀ူးဝူးတိုက်ခတ်
ရွာဦးကျောင်းကြီးလဲ တုံးခေါက်သံမဲ့နေသတဲ့။

ဒါဟာ
လွန်ခဲ့တဲ့ လဆုတ်တစ်ရက်က မက်တဲ့
အညာအိပ်မက် လက်တစ်ဆုပ်စာလေးပေါ့။  ။

လက်ဝဲ

5 comments:

ညိမ်းနိုင် said...

ပြောတတ်ပါဘူး ရဲဘော်ရာ....ဒါဘယ်သူကအညာလည်းဆိုတာ.....:))))

ထော်ဦး said...

.cc ဖျက်ပေးလိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုလက်ဝဲရေ...
အခုမှပဲ ကိုလက်ဝဲရဲ့ ကဗျာလေးကို ပြန်ဖတ်ခွင့် ရတော့တယ်လေ...:D
ဒီကဗျာလေးတွေကိုလည်း တော်တော်ခိုက်မိပါတယ်...
ဖတ်ရတာ တည်ငြိမ်နေတဲ့ စမ်းချောင်းကို ငေးနေရသလိုမျိုးပဲ
ထော်ဦး
htaw oo

မောင်ရေချမ်း said...

ဆက်လက်ထုဆစ်နိုင်ပါစေ

mstint said...

တရားခံဘယ်သူလဲဟေ့ :P
ကဗျာလေးအားပေးသွားတယ် နတ်နတ်ရေ။
စကားမစပ် တီတင့်မန်းကိုရောက်ခဲ့တယ်
နတ်နတ်ပခုက္ကူမှာဆိုလို့ ထပ်မဆုံဖြစ်ခဲ့ဘူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ပန်းချီ said...

အညာအိပ်မက် လက်တစ်ဆုပ်စာလေး ရယ်တဲ့လား? သဘောကျစရာကောင်းလိုက်တဲ့ အရေးအသားပဲ ကဗျာဆရာရေ..း)

Post a Comment