Pages

Subscribe:

Ads 468x60px

Wednesday, February 15, 2012

တိမ်ကို ကျူးရင့်နေတဲ့ ရှုခင်း

သတိရမှုက ထုံးစံအတိုင်း
နေဝင်သွားပြန်ပြီ မိုးချုပ်သွားပြန်ပြီနဲ့
စူးနေတဲ့ ဆူးကိုပဲ နင်းတက်သွားရတယ်
ငါဟာ တစ်ရှူးတစ်စ ပါ ဆိုတာ
ငါ့ကိုယ်ငါ ယုံအောင် ဖျောင်းဖျလိုက်ပါ့မယ်
နင် လုံးချေပြီး လွှင့် သာ ပစ်လိုက်။

ဝေးတော့လဲ ဝေးသွားသလိုပဲပေါ့
သစ်ရွက်လှုပ်တာလဲ အလွမ်းသံ ထွက်နေတာပဲ
ဆို့နေတာတွေကို ကဗျာလုပ်ရေးရတော့
ဓါးတစ်လက်လား မျက်ဖြေလင်္ကာလား
မှန်းရ ခက်တယ်။

ထုံးစံအတိုင်း
နေဝင်သွားပြန်ပြီ မိုးချုပ်သွားပြန်ပြီနဲ့
စက်ဘီးလေးနဲ့ ကျောင်းတက်တုန်းက
ဘဲလ်တီးသံလေးကိုပဲ ပြန်ဆက်ကြည့်နေရတယ်
အခန်းထဲမှာ အိပ်ဆောင်နာရီကလေး
အမှတ်တရပစ္စည်းဆိုတာ
သာမန်ကာ လျှံကာ ကြည့်လဲ ရင်ခံတာပဲ။

ဝေးတော့လဲ ဝေးသွားသလိုပဲပေါ့
ဘာတေးမှ မဆိုတဲ့ ငှက်ကို
ကောင်းကင်က ကူပျံပေးနေရတယ်
အိပ်မက်ကို ပ, ထုတ်လိုက်ရင်လဲ
ပုံနှိပ်စာအုပ်ထဲက လို စိတ်ကူးယဉ်နေရပြန်ဦးမယ်။

ကြာတော့လဲ
အလေ့ကျ သစ်ပင်တွေပဲလေ
ငါ့ရှေ့မှာ အဖြူအမည်း ပတ်စပို့ဓါတ်ပုံတစ်ပုံ၊
ကြမ်းပေါ်မှာ ဆေးလိပ်နဲ့ ရင်ထဲမှာ ဂစ်တာ
တော်ပါပြီ။    ။

လက်ဝဲ

6 comments:

Angelhlaing(May everybody be happy and healthy! said...

အမှတ်တရပစ္စည်းဆိုတာ
သာမန်ကာ လျှံကာ ကြည့်လဲ ရင်ခံတာပဲ။
..ဒါပေမယ့် ဘယ်တုန်းကမှ စွန့်ပစ်လိုက်ဖို့
စိတ်ကူးတော့ မရှိခဲ့ဘူး မဟုတ်လား.!!!

သဒ္ဓါလှိုင်း said...

ပတ်စပို့ဓါတ်ပုံ၊ဆေးလိပ်၊ဂစ်တာ ..ပဲလား။ ရင်ခံစရာ အမှတ်တရပစ္စည်းတွေအဖြစ်
ဘာတွေများရှိအုံးမလဲလို့။

လက်ဝဲ said...

@ အမ အိန်ဂျယ်ရေ...
စွန့်ပစ်ဖို့ နေနေသာသာ... အိပ်ယာဝင်ကာနီးတိုင်း ထိုင်ထိုင်ကြည့်နေရတယ်..

@ အမ သဒ္ဒါ
ဓါတ်ပုံရော ဆေးလိပ်ရော ဂစ်တာရော.. ရင်ခံစာရာ ချည်းပဲ.. အဲလောက်ဆို တော်ပါတော့.

jasmine(တောင်ကြီး) said...

ဟုတ်တယ်လေ ဝေးသွားတော့လဲဝေးသွားသလိုပဲပေါ့ဆိုတာ

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ဆို့နေတာတွေကို ကဗျာလုပ်ရေးရတော့
ဓါးတစ်လက်လား မျက်ဖြေလင်္ကာလား
မှန်းရ ခက်တယ်။

အဲဒီအပုဒ်လေးက အထိမိဆုံး အတိုက်ဆိုင်ဆုံး
ကြိုက်တယ်

Aung Htut said...

ငါ့ရှေ့မှာ အဖြူအမည်း ပတ်စပို့ဓါတ်ပုံတစ်ပုံ၊
ကြမ်းပေါ်မှာ ဆေးလိပ်နဲ့ ရင်ထဲမှာ ဂစ်တာ
တော်ပါပြီ။ ။

ကြိုက်၏.... ဂျိုးသိန်းလေး တစ်ဖွာလောက်၊ မိုးက တစ်ပြိုက်... သေလောက်အောင်ကိုလွမ်း...

Post a Comment