Pages

Subscribe:

Ads 468x60px

Wednesday, August 15, 2012

ကြိုးနှင့် ချည်သော...

ကြိုးနှင့် ချည်သော..

အတွေးနဲ့ အသက်ဆက်သူများရဲ့ ရင်ဘတ်ကို
ဖွင့်ဟ လှပ်ကြည့်ဖို့ ကြိုးစားမိသူ လေလား
သူမ သဘောထားကြီးထားတဲ့ လောကကြီးဟာ
သူမကို ပြန်ပြီး သဘောထားကြီးနေပြန်လေသလား
ကြည့်....
ကဗျာဆန်တဲ့ နေ့တွေမှာ...
သူမနဲ့ အတူ တစ်လောကလုံးက
မီးအိမ်လေးတွေကို ဆွဲ........ လို့။

အို.... ကောင်းကင် တဲ့
မျက်လုံးကို မှိတ်ထားလေမလား
ခေါင်းမော့ ထားလေမလား
လက်ချောင်းလေးတွေချင်း ယှက်ပြီး
ရင်ဘတ်မှာ ကပ်ထားလေမလား
အမှန်တရား/ ငြိမ်းချမ်းမှု/ စစ်မှန်မှု/.....
ရင်ထဲကနေ တောင်းဆုတွေ ပြုနေလေမလား
သစ္စာ ကို သူမ လက်ဖြန့် တောင်းနေရှာတာပါ
အို ကောင်းကင်.... တဲ့။

ယုံကြည်ရာ၊ စွဲလမ်းရာ၊ ရပ်တည်ရာ အတွက်
မြို့ပျက်ညကြီးထဲမှာတောင်
သူမဟာ သမာသမတ်ကျကျ
စည်းစနစ်ရဲ့ မျဉ်းဖြူလွလွလေးပေါ်မှာ
ကျွန်တော့် ကို ရပ်ပြ နေတယ်။

သူမက လေ
“ဟိုးမှာ...
ဆက်လျှောက် သွားကွဲ့
အဲဒီလမ်းမှာ
အမှန်တရား/ ငြိမ်းချမ်းမှု/ စစ်မှန်မှု/.....”
အဲဒီ ညွှန်ပြမှုတွေအတွက်
အရာရာကို ကျွန်တော်
အံတုဖို့ ဖြစ်လာခဲ့ရတယ်။    ။



လက်ဝဲ

3 comments:

mstint said...

သဒ္ဓါ့အတွက် နတ်နတ်ရဲ့ မွေးနေ့အမှတ်တရ ကဗျာလေး မနက်က သဒ္ဓါ့ဆိုဒ်မှာ ဖတ်သွားပြီး အခုနောက်တစ်ခေါက် ထပ်ဖတ်ဖြစ်တယ်နော်။ ခရီးဆုံးအောင်တော့ ဆက်လျှောက်ကြရမှာပေါ့ နတ်နတ်ရယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညီရဲ said...

ညီ့ကဗျာလေးကို တို့ အစ်မကြီး ပြုံးပြုံးကြီးနဲ့ ဖတ်နေမှာကို မြင်ယောင်မိသေးတယ်...း)

သဒ္ဓါလှိုင်း said...

သူတို့ ညီအကိုတွေ ဘာတွေပြောနေကြတာလဲ.... ပြောတဲ့အတိုင်းမှန်နေတာကိုးးးးးးးး

Post a Comment