Pages

Subscribe:

Ads 468x60px

Friday, April 6, 2012

အနုပညာလက်

အနုပညာလက်

လက်ချောင်းများရဲ့ ဖြစ်တည်မှုကို
သွန်ချလိုက်တယ် .... ။

လက်ချောင်းများရဲ့ ရာဇ၀င်ဟာ
သူတို့သမိုင်းကို သူတို့ထုဆစ်လို့ ... ။
လက်ချောင်းများဟာ ရှင်သန်လှုပ်ရှားလို့ .... ။

ကလောင်သွားကို သွေးတယ် ...
စုတ်တံကိုကိုင်တယ် ...
ဂစ်တာကြိုးကို ညှိတယ် ...
လက်ချောင်းတွေ ပြောတဲ့စကား ...
လှတယ် ... ။

ဗုံတိုပတ်စတွေပေါ်မှာ
လက်ချောင်းတွေ ပြေးလွှား
ဟောဟိုက ယမင်းလေးရဲ့ လက်ချောင်းများ
ဟင်္သာချိုးလေးသာ ချိုးထား .... ။

လက်ချောင်းစကား
လှတယ် ... ။

ပြည်သူ့လက်ချောင်းများ
အနုပညာကို လက်ခုပ်တီးကြတယ် ။     ။

လက်ဝဲ

4 comments:

သဒ္ဓါလှိုင်း said...

လက်ချောင်းတစ်ခုရဲ့ ဖြစ်တည်မှုက သိပ်ကိုအရေးပါတာပေါ့..။ လက်ချောင်းလေးတစ်ခုကနေ ဖန်တီးနိုင်စွမ်းရှိတာတွေ ဖန်တီးနိုင်သလို.. အဆိပ်အတောက်တွေလည်း ထုတ်လွှတ်နိုင်သေးရဲ့..။
အနုပညာဖန်တီးတဲ့ လက်ချောင်းလေးတွေအဖြစ်..

အမသဒ္ဓါ

မိုးသက် said...

လက်ချောင်းရဲ့ ဖြစ်တည်မှုတွေကိုအသုံးချခဲ့တာကိုကြည့်နေတာ.. ကျွန်တော့်ရဲ့ ဘယ်ဘက်လက်ထိပ်
လေးတွေ အသားမာတွေပျောက်နေခဲ့တာကြာပါပေါ့လား.။

စံပယ်ချို said...

အနုပညာလက်ကိုလာရောက်ခံစားခဲ့ပါတယ်

နှင်းနုလွင် said...

ဒီကဗျာရေးတဲ့လက်လည်း ဒီကဗျာလို အစဉ်အဆက်လှပပါစေလို့ ဆုမွန်ချွေခဲ့တယ်မောင်လေးရေ။

Post a Comment